Lyrics

မင်းရဲ့အနားမှာနောက်တစ်ခါအခုငါနေချင်လို့ စိတ်နာသွားတဲ့ချစ်သူလေးအတွက်ငါလူဆိုး ဒါတွေအားလုံးကိုတောင်းပန်ပါရစေ အခုငါဆိုချင်လည်း အရာရာအားလုံးဟာနောက်ကျသွားပြီ မင်းထွက်လို့သွားတယ် လမ်းလျှောက်တုန်းမှာ လမ်းပျောက်သွားတဲ့လူလိုမျိုး အမြင့်ပျံတုန်းမှာ ဂဲမှန်သွားတဲ့စာသူငယ်မျိုး ငါဟာမှားမှန်းသိမှမင်းရဲ့အနားကို အခုပြန်လာချင်လဲ အရာရာအားလုံးဟာနောက်ကျသွားပြီ မင်းထွက်လို့သွားတယ် Telephone လေးပြောတဲ့ညတွေအခုပြန်လိုချင်လို့ နင်အိပ်လို့သွားအောင်ပြောပြခဲ့တဲ့ပုံပြင်တို့ ဒါတွေအားလုံးကို မေ့ကာမေ့ကာမေ့ကာနေပြီပဲ ဒါတွေအားလုံးရဲ့အပြစ်ဟာအပြစ်ဟာအပြစ်ဟာ ကိုယ်ပါပဲကွယ် နင်ကြိုက်တဲ့ရုပ်ရှင်လေးတွေအခုဘယ်သူနဲ့ကြည့်တုန်း ငါ့မွေးနေ့ရောက်ရင်ကိတ်မုန့်လေးနဲ့ရောက်လာအုံး ဒါတွေအားလုံးဟာအဝေးမှာအဝေးမှာအဝေးမှာကျန်နေခဲ့ အရာရာနောက်ကျလို့မသွားခင်တစ်ခုတော့ပြောခဲ့ပါရစေ I'm so lonely lonely lonely lonely I'm so lonely lonely lonely lonely အရင်လိုမင်းနဲ့ဘဝရဲ့လမ်းတွေလျှောက်ကာ အတူတူရင်ဆိုင်ဖို့ ဒီတစ်ခုလေးပဲတောင်းဆိုပါရစေ အရာရာနောက်ကျလို့သွားလဲ ဆုတောင်းပေးလိုက်ပါတယ်နင်ပျော်ပါစေလို့ သူ့မကောင်းမတွေးလိုက်ပါနဲ့ ကျွန်တော်သာလူဆိုး အားလုံးမေ့ပစ်ပြီးတော့ဘဝရဲ့လမ်းမတွေပေါ်လျှောက်သွား အခုမှသိလိုက်ရတယ်မင်းမရှိတဲ့အခါဘဝဟာအမှောင်ည မင်းကိုစိတ်နာမိအောင်လုပ်ခဲ့ဖူးတဲ့သူဟာ ကိုယ်ပါပဲ အချစ်တွေအဓိပ္ပါယ္မဲ့အောင်အသက်တွေမဲ့အောင် လုပ်တာ ကိုယ်ပါပဲ မျက်ရည်များစွာကျခဲ့ဖူးတဲ့ကိုယ့်ကြောင့် ထပ်လို့မငိုပါနဲ့တော့ကွယ် ခွင့်မလွတ်လိုက်နဲ့ချစ်ရယ် အမှားတွေအမှားတွေထပ်ခါကျူးလွန်ရင်းနဲ့ မင်းကိုဒဏ်ရာအမြဲ ထပ်ခါပေးတယ်ထပ်ခါပေးတယ် အတ္တကြီးတာကိုပါပဲ အမြဲလို့နောက်တစ်ခါ အမြဲလို့နောက်တစ်ခါခွင့်လွတ်ပေးလဲ ကိုယ်ဟာ အမိုက်အပြစ်နဲ့မထိုက်သင့်တော့ပါ အချစ်ရယ် I'm so lonely lonely lonely lonely I'm so lonely lonely lonely lonely အရင်လိုမင်းနဲ့ဘဝရဲ့လမ်းတွေလျှောက်ကာ အတူတူရင်ဆိုင်ဖို့ ဒီတစ်ခုလေးပဲတောင်းဆိုပါရစေ အရာရာနောက်ကျလို့သွားလဲ
Writer(s): Hlwan Paing Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out