Lyrics

ကြယ်ရောင်တွေ တဖြတ်ဖြတ်နဲ့ အချိန်တွေဟာ မရပ်တန့်ခဲ့ ဒီလိုနဲ့ ဒီလိုနဲ့ မင်းနဲ့ ပတ်သက်ခဲ့ ပျော်စရာသိပ်မကောင်းတဲ့ ဘဝကြီးထဲ ပျော်ရွင်စရာ အများကြီးရရှိခဲ့ မင်းမျက်ဝန်းလေးများနဲ့ အမှတ်တမဲ့ဆုံတိုင်း ရင်တွေခုန်တယ် အချစ်လေးရာ အမြဲစိတ်တွေ နင့်ဘေးမှာ ငါ့ဘက်ကို ဝင်တွေးပါ ယောက်ယက် ခတ်နေပြီ ဒါတကယ်ကို ရင်လေးစရာ အချစ်ကတကယ် ဝဠ်ကြွေးလား မင်းလေးပေးတဲ့ ဂရုစိုက်မှုတွေ ကိုယ်လေ မြတ်နိုးတတ်နေပြီ ခက်ပါတယ် မင်းရဲ့ဘေးမှာရပ်တည်နေတဲ့ အမှုန်အမွှားလေးငါ မင်းရဲ့တိုင်ပင်ဖော် တိုင်ပင်ဖက် အကြံပေးပုဏ္ဏားလေးပါ အတိတ်နဲ့ အနာဂတ်ဆိုတဲ့ အရာတွေအကုန်ခနမေ့ထား ပစ္စပ္ပုန်တိုင်း ပျော်အောင် ထားနိုင်ကြောင်းတော့ ယုံစားပေးပါ မနက်လင်းတဲ့ထိ ဖုန်းတွေမသုံးနဲ့ ပြောရခက်တယ် အစားကိုအချိန်မှန်စားဖို့ ပြောတိုင်းလည်း မင်းစောဒကတတ်တယ် ဒီကစိတ်ပူပြီးပြောသမျှ မင်းကတော့ ရောချလျှက်ပဲ ငါ့ကိုတစ်ခြားကောင်တွေနဲ့ မယှဉ်စမ်းပါနဲ့ ဒေါသထွက်တယ် သူဘယ်ချိန်များ ခွာသွားမလဲ ကျနော့်လို လူတစ်ယောက်အနားလေးက အဲ့လို နမိတ်မရှိနမာမရှိ အတွေးတွေ အဝေးကို ယူဆောင်သွားပေးပါ အရောင်တွေဆိုးတယ် မထင်ပါနဲ့ ဒါက အဖြူရောင်စကားလေးပါ မင်းကို သိပ်မြတ်နိုးမိနေပြီ သိလား အူကြောင်ကြားလေးရာ ဟိုလိုလို ဒီလိုလိုနဲ့ပဲ ကိုယ် အချိန်တွေဖြုန်းခဲ့ အတွေးလွန်ခြင်းတွေက ငါ့စိတ်ကို ချိုးနှိမ်နေတုန်းပဲ ပိုင်ဆိုင်ချင်တဲ့စိတ်ကလေးကို မိုးတိမ်တွေဖုံး ဒါပေမဲ့ဖွင့်ပြောလိုက်ဖို့အရေးခုချိန်ထိ စိုးရိမ်နေတုန်းပဲ အချိန်တွေကို ရပ်တန့်ပစ်လိုက်ချင်တယ် တိမ်တွေလို မျောလွင့်သွားချင်ရဲ့ အိမ်ပြန်ချိန်တိုင်းမှာ မင်းနဲ့ရှိခွင့်ရရင် သိပ်ကောင်းမယ် အချိန်တွေကို ရပ်တန့်ပစ်လိုက်ချင်တယ် တိမ်တွေလို မျောလွင့်သွားချင်ရဲ့ အိမ်ပြန်ချိန်တိုင်းမှာ မင်းနဲ့ရှိခွင့်ရရင် သိပ်ကောင်းမယ် ရင်တွေခုန်တယ် အချစ်လေးရာ အမြဲစိတ်တွေ နင့်ဘေးမှာ ငါ့ဘက်ကို ဝင်တွေးပါ ယောက်ယက် ခတ်နေပြီ ဒါတကယ်ကို ရင်လေးစရာ အချစ်ကတကယ် ဝဠ်ကြွေးလား မင်းလေးပေးတဲ့ ဂရုစိုက်မှုတွေ ကိုယ်လေ မြတ်နိုးတတ်နေပြီ ခက်ပါတယ် ပျော်ရွှင်ချိန်တွေ သာယာချိန်တွေ တူတူဆုံမယ် အမြဲ ကြယ်ရောင်စုံတွေ ပျံ့လွင့်ခဲ့တဲ့ မြက်ခင်းစိမ်းတွေ ထဲ မင်းနဲ့နှစ်ယောက်တူ ပြေးလွှားတဲ့ အိပ်မက်တွေ လည်း လက်တွေ့ဖြစ်ဖို့အတွက် တွေဝေနေခဲ့ ဘာတွေလိုသေးလဲဆိုပြီး တခါတလေ ကိုယ်တွေးတယ် မင်းကို စွဲလန်းမေတ္တာဝင်မိသွားတဲ့ ကဗျာတွေကိုရေးဖွဲ့ အချစ်ကို ကောက်ရိုးပုံထဲကအပ်လို ရှာဖွေဖို့မတွေးနဲ့ စိတ်ရှုပ်မယ့်အရာတွေကို ဘေးဖယ်ပြီး ဒို့နှစ်ယောက် ကမ္ဘာမြေကိုဆေးခြယ် မင်းကို အသေးအမွှားကစပြီး အလေးထားတာမို့ ဘယ်မှာဆုတောင်းရမလဲ မင်းအချစ်တွေ ပေးသနားလာဖို့ တခါတလေ တရေးထကာနိုးတဲ့ညတွေ ဆွေးရတာအမျိုးမျိုး တော်ပြီဘေးနားမှာ ဒီတိုင်းပဲရှိတော့မယ် ဝေးသွားမှာဆိုးလို့ ရင်တွေခုန်တယ် အချစ်လေးရာ အမြဲစိတ်တွေ နင့်ဘေးမှာ ငါ့ဘက်ကို ဝင်တွေးပါ ယောက်ယက် ခတ်နေပြီ ဒါတကယ်ကို ရင်လေးစရာ အချစ်ကတကယ် ဝဠ်ကြွေးလား မင်းလေးပေးတဲ့ ဂရုစိုက်မှုတွေ ကိုယ်လေ မြတ်နိုးတတ်နေပြီ ခက်ပါတယ်
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out