Lyrics

မင်းအတွက် ငါ အဖန် တစ်ရာမက နာကျင်ရဲ တဖြည်းဖြည်း နှလုံးကြမ်းခင်းပါးခဲ့လည်း တစ်ဆုံးပဲ ခံနိုင်ရည်တိုက်ပွဲဝင်ခဲ့ မင်းအချစ်တစ်ခုအတွက် လည်စင်းရဲ နင်စီရင်တဲ့ ဘဝခွက်ထဲ ဖဲ့ကြွေလည်း ရင်ကော့ပြီး ဦးမော့ဆဲ အရိုးထိ ထုံကျင်လာတဲ့ တမ်းတခြင်း တည်ဆောက်ဖို့ရန်ခက် နှလုံးသား အသည်းပျက်ထဲ(ကြမ်းခင်းထက်) ဒီလူဟာ ရှေးကျတဲ့ ကျောက်ခေတ်လူသားလို ဒီရင်မှာ ရိုးသားစွာ အချစ်တစ်ခုမွေးဖွားခဲ့ ရင်ခုန်သံ အတိုင်းသား သူကြားသိဖို့ ဆုတောင်းနေမယ် မိုင်များဘယ်လောက် ဝေး ... ဝေး... ဝေး ... ဝေး ပါစေဟေ့ ... ဝေး ပါစေဟေ့ ... လွမ်းစိတ် တစ္ဆေလို ခြောက်လှန့်နေဆဲ ဘယ်တော့မှ နီရောင်တက်လို့ အလင်းတွေ့မလဲ မျှော်လင့်ချက် ပိုဝေဝါးပြုလာရင် (Solo) လှည့်စားထား ငါသိလျက် တမ်းတနေတုန်း စွန့်စားခြင်းရဲ့ ရလဒ် ရင့်ကျက်မှု ဆန်းပြားတဲ့အချစ်ရဲ့ ဒဿနတွေနဲ့ (Intro)(V1)(V2)(Pre)(Cho)(V3)(Pre)(Cho)(Solo) (Percussion Solo)(Bridge)(Pre)(Cho)(Cho)
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out