Lyrics

မင်းနဲ့ငါ့ကြား နီးရက်ဝေးတော့မလား အဆိပ်ရှိတဲ့ ဆူးပင်တွေ တိုးလို့မပေါက်အောင် စိုက်လို့ထား မင်းနဲ့ငါ့ကြား အပိုင်းအကန့်ခြားနားထား ကူးဖြတ်မရ လှိုင်းတံပိုးများနဲ့ စီးဆင်း မျက်ရည်များ အို မင်းအချစ်များနဲ့ ငါ့အချစ်များလည်း ဘဝမှ မရေရာဘူး တို့ရဲ့ အချစ်တွေ မွန်းကျပ်ရင်း ထွက်ပေါက်များ လိုက်ရှာဆဲ လမ်း လမ်းပျောက်တဲ့ နေ့ရက်များ လမ်း ဘယ်မှာရှာဖွေရမလဲ မင်း စိတ်မလျှော့နဲ့ လုံးဝမလျှော့နဲ့ မင်း စိတ်မပျက်နဲ့ လုံးဝမပျက်နဲ့ မင်း စိတ်မလျှော့နဲ့ လုံးဝမလျှော့နဲ့ မင်း စိတ်မပျက်နဲ့ လုံးဝမပျက်နဲ့ မင်းနဲ့ငါ့ကြား တံခါးတစ်ချပ် ခြားလို့ထား မျက်စိနဲ့ ကြည့်လို့မတွေ့တဲ့ သော့နဲ့ ခတ်ပိတ်ထား မင်းနဲ့ငါ့ကြားထဲ ပျောက်ပျက်သွားတဲ့ နေ့သစ်များ မင်းနဲ့ငါ့ချစ်ခွင့်မရတဲ့ နေ့ရက်တို့ရဲ့ ပြက္ခဒိန်ဟောင်းတွေကြား လမ်း လမ်းပျောက်တဲ့ နေ့ရက်များ လမ်း ဘယ်မှာပြန်တွေ့ရမလဲ အို ငါ့ရင်ထဲကို မင်းအချစ်များ ဘယ်လမ်းက ရောက်လာလဲ ပိတ်ဆို့ခြင်းခံ တို့အချစ်များ ဘယ်လမ်းက ဆက်သွယ်မလဲ ငါ့စိတ်ထဲမှာ မင်းစိတ်ထဲမှာ (မင်းစိတ်မလျှော့နဲ့ လုံးဝမလျှော့နဲ့) မသိနိုင်တဲ့ မလွယ်ပေါက်တွေရှိ မင်းမျှော်လင့်ချက်များကို ငါ့ရင်ထဲမှာ အလင်းရောင်လေးတွေ ပေးချင်သေး လမ်း လမ်းပျောက်တဲ့ နေ့ရက်များ လမ်း ဘယ်မှာရှာဖွေရမလဲ လမ်း လမ်းပျောက်တဲ့ နေ့ရက်များ လမ်း ဘယ်မှာပြန်တွေ့ရမလဲ ဘယ်မှာပြန်တွေ့ရမလဲ ဘယ်မှာရှာဖွေရမလဲ ဘယ်မှာပြန်တွေ့ရမလဲ ဘယ်မှာရှာဖွေရမလဲ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out