Music Video

မင်းအတွက် (For You) - Khun Htetz Naing
Watch {trackName} music video by {artistName}

Featured In

Credits

COMPOSITION & LYRICS
Khun Htetz Naing
Khun Htetz Naing
Songwriter
Dizzla D Music
Dizzla D Music
Songwriter

Lyrics

ခနခနနင်စိတ်မကောက်ပါနဲ့ကွာ ညညဆိုဂိမ်းမဆော့ပါနဲ့ဟာ သဝန်တိုတာတွေလည်း လျော့ပါဦး နင်ကငါ့အချစ်ဆုံးဆိုတာ နင်မမေ့လိုက်နဲ့ဦး ဘဝတစ်ခုလုံး ပုံအပ်ပြီးတော့ချစ်တာပါ အချစ်ကမ္ဘာမှာ နင်နဲ့နှစ်ယောက်အတူလျှောက်ချင်လို့ နင့်အပေါ်ငါလစ်ဟာတာတွေရှိရင်လည်း အပြစ်မယူပါနဲ့ နားလည်ပေးပါ ခွင့်လွှတ်ပေး နင်ဟာငါ့ရဲ့ကောင်မလေးပါ နင်သာငါ့ရဲ့အချစ်ဆုံးလေးပါ ဒီကမ္ဘာကြီးထဲမှာ နင်သာငါ့အတွက် မရှိမဖြစ်အလိုအပ်ဆုံး နင်လွမ်းတဲ့အချိန်လေးတိုင်းမှာ ငါမင်းအတွက်အဆင်သင့်ရှိချင်တာ ဒီအချစ်များဟာ နင်တစ်ယောက်ထဲအတွက် သီးသန့်ပါကောင်မလေးရေ ရှေးဦးစွာခုချိန်ထက်ထိ ချစ်ပေးတဲ့အတွက် ကျေးဇူးတင်တယ် နင်လိုရင်ငါ့ရဲ့အသည်းနှလုံး အသွေးအသားများအကုန် မပေးဘူးမထင်နဲ့ နင်မုန်းရင်ခြောက်လိုက်မှာနော် မယုံဘူးလားတကယ် မဂေးဘူးမထင်နဲ့ အခုတောင်မှဟိုမရောက်ဒီမရောက် နင့်ကိုစပရိုက်ကျွေးဖူးချင်တယ် စတာပါကွာ တကယ်လုပ်ပါ့မလား ဒီရုပ်ကြီးကို အဲ့လိုပြောရင်မျက်စောင်းလေးထိုးပြီး ပြတ်တော့မယ့်အတိုင်း အတည်အဟုတ်ကြီးလို ကျနော့်စကားကြောင့် တခါတခါသူလေး စိတ်ထဲရှိသမျှ ဖြည်ထုတ်ပြီးငို အရမ်းမဆိုးနဲ့ကောင်မလေးရေ စိတ်မကုန်ချင်ဘူး ဒီအရှုပ်ကြီးကို နင်ဆိုးမှန်းငါသိသားပဲ ငါ့ဘက်ကမှ မပြတ်နိုင်တာ နင်နဲ့မခေါ်တိုင်း ရောက်ရောက်သွားရော သိတယ်မဟုတ်လား အရက်ဆိုင်ငါ အတူလျှောက်သွားတိုင်း ဖက်ထားပါဟာ ရှက်မနေပါနဲ့ လက်ကိုင်ပါ မသက်ဆိုင်တာတွေ လာပြောရင်တော့ နားမထောင်ချင်တာ မတတ်နိုင်ပါ ငါမကြိုက်တာတွေမလုပ်ပါနဲ့ဟာ နင့်အပေါ်မှာစိတ် မကုန်ချင်လို့ ဘုရားရောက်တိုင်း ဆုတောင်းပေးပါဦး နောင်ဘဝမှာလည်းဆုံချင်လို့ အမြဲတမ်းပဲ နင်အနိုင်မယူပါနဲ့ ပြီးရင်တခါပြန်လာပြောပါနော် ငါမခေါ်လည်းတစ်ရက်လောက်ပဲလေ ပြီးရင်ငါပြန်လာချော့မှာပေါ့ နင်ဟာငါ့ရဲ့ကောင်မလေးပါ နင်သာငါ့ရဲ့အချစ်ဆုံးလေးပါ ဒီကမ္ဘာကြီးထဲမှာ နင်သာငါ့အတွက် မရှိမဖြစ်အလိုအပ်ဆုံး နင်လွမ်းတဲ့အချိန်လေးတိုင်းမှာ ငါမင်းအတွက်အဆင်သင့်ရှိချင်တာ ဒီအချစ်များဟာ နင်တစ်ယောက်ထဲအတွက် သီးသန့်ပါကောင်မလေးရေ ချစ်တာထက်ကိုပိုပါတယ် သစ္စာပဲငါ လိုပါတယ် မေတ္တာ၊ အကြင်နာ၊ ဂရုစိုက်မှုလည်း ချစ်သူတိုင်းမှာ လိုပါတယ် ငါ့အတွက်သစ္စာအရေးကြီးဆုံးမို့ ဂရုမစိုက်နိုင်ရင် မငိုပါနဲ့ နင့်စိတ်တိုင်းကျပြောင်းလဲမှာပါ အချိန်လေးနည်းနည်းတော့ လိုပါတယ် ငါ့ကိုဘာလို့ချစ်တာလဲတဲ့ မကြာခဏနင်မေးတတ်တာလေး နင်ဖြစ်နေလို့ကိုချစ်တာပါဟာ နင်အရမ်းကိတ်လို့မဟုတ်ပါဘူး နင်ပြောသလိုမျိုး စောက်ချောကြီးဖြစ်လို့ ကြွေနေတာလည်း မဟုတ်ပါဘူး နင်ထင်ထားသလို တခြားစော်တွေနဲ့လည်း ငါလုံးဝလုံးဝ မရှုပ်ပါဘူး မလုပ်ပါဘူးငါ နင်မကြိုက်တာတွေ တခါတလေသောက်တာစားတာရှိမယ် နင်မကြိုက်တဲ့သူငယ်ချင်းတွေနဲ့ ငါလေလျှောက်ကာသွားတာရှိမယ် အဲ့အတွက်လည်းအပြစ်မမြင်ပါနဲ့ နင်စိတ်တိုမှာမမြင်ချင်လို့ပါ နင့်စိတ်တိုင်းကျဖြစ်ချင်ပေမယ့် တချို့အကျင့်တွေကျ မပြင်ချင်လို့ပါ နင့်လက်ကိုတွဲပြီးတော့ငါ သွားချင်တာတွေ အများကြီးရှိတယ် နင့်လက်နဲ့ ခွံ့ကျွေးမယ်ဆို စားချင်တာတွေ အများကြီးရှိတယ် အခုပြောသမျှအကုန် အမှန်တွေပါဟာ ငါ့ရဲ့လက်ကို ကိုင်ထားပါဟေး ငါလိမ်ရင် ကမ္ဘာ့ဖလားပွဲမှာ မြန်မာဘောလုံးအသင်း အနိုင်ရပါစေ နင်ဟာငါ့ရဲ့ကောင်မလေးပါ နင်သာငါ့ရဲ့အချစ်ဆုံးလေးပါ ဒီကမ္ဘာကြီးထဲမှာ နင်သာငါ့အတွက် မရှိမဖြစ်အလိုအပ်ဆုံး နင်လွမ်းတဲ့အချိန်လေးတိုင်းမှာ ငါမင်းအတွက်အဆင်သင့်ရှိချင်တာ ဒီအချစ်များဟာ နင်တစ်ယောက်ထဲအတွက် သီးသန့်ပါကောင်မလေးရေ နင်ဟာငါ့ရဲ့ကောင်မလေးပါ...
Writer(s): Dizzla D Music, Khun Htetz Naing Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out