Lyrics

နေဝင်ပြီဆိုရင် ကိုယ်လေ ငိုချင်တယ် ရင်မှာ နာကျင်စွာ ဆွေးတယ် အဆောင်မှာ မှောင်ရီ ဝိုးတဝါးနဲ့ နံရံတွေပေါ်မှာ ပုံရိပ်ကလေးရယ် နှလုံးသားက အစွဲအလန်းများလည်း မီးလို လောင်ကျွမ်းဆဲ လွမ်းမိတယ် ဂစ်တာသံတွေရယ် ကိုယ်သီဆိုနေမယ် ရင်ကိုခုန်စေတဲ့ သီချင်းရယ် အမှောင်မှာ အသာအယာနားစွင့်ခဲ့ သူဟာ ခင်တွယ်နေမှာပါပဲကွယ် အရင်းနှီးဆုံး နှလုံးသားများနဲ့ နားလည်နေခဲ့လည်း အခုတော့ကွယ် ဂျပ်ဆင်ထိပ်က လရိပ်လေးသာရယ် (လွမ်းမိတယ်) အဆောင်သူလေးကို ဆွေးမြေ့လို့ကြေကွဲ (လွမ်းမိတယ်) သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ (လွမ်းမိတယ်) အမှောင်ရိပ်ထဲမှာ တိတ်တဆိတ်မျက်ရည်ဝဲ နွေကျောင်းပိတ်ရက်တွေ လွန်ချိန်မှာ သူ ပြန်မလာနိုင်ပြီပဲ ဘာကြောင့်လဲ ကိုယ်မသိခဲ့ပါ ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ် ရင်ခုန်နေစဉ်မှာ မြင်ယောင်လာပြန်တယ် ပြာရီမှုန်ဝေတဲ့ အတွေးရယ် ကိုယ်သာ မပီပြင်နိုးတဝက်နဲ့ အဆောင်သူရယ် အိပ်မက်ပေးတယ် မီးမထွန်းတဲ့ အခန်းကျဉ်းလေးထဲ လိပ်ပြာငယ်လေးဝဲ အိုး ဟို နေဝင်ပြီဆိုရင် ကိုယ်လေ ငိုချင်တယ် ရင်မှာ နာကျင်စွာ ဆွေးတယ် အဆောင်မှာ မှောင်ရီ ဝိုးတဝါးနဲ့ နံရံတွေပေါ်မှာ ပုံရိပ်ကလေးရယ် မီးမထွန်းတဲ့ အခန်းကျဉ်းလေးထဲ လိပ်ပြာငယ်လေးဝဲ အိုး ဟို ဂျပ်ဆင်ထိပ်က လရိပ်လေးသာရယ် (လွမ်းမိတယ်) အဆောင်သူလေးကို ဆွေးမြေ့လို့ကြေကွဲ (လွမ်းမိတယ်) သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ (လွမ်းမိတယ်) မှောင်ရိပ်ထဲမှာ တိတ်တဆိတ်မျက်ရည်ဝဲ နွေကျောင်းပိတ်ရက်တွေ လွန်ချိန်မှာ သူ ပြန်မလာနိုင်ပြီပဲ ဘာကြောင့်လဲ ကိုယ်မသိခဲ့ပါ ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ် (လွမ်းမိတယ်) ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ် (လွမ်းမိတယ်) ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ် (လွမ်းမိတယ်) ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ် (လွမ်းမိတယ်) ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ် (လွမ်းမိတယ်) ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ် (လွမ်းမိတယ်) ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ် (လွမ်းမိတယ်)
Lyrics powered by www.musixmatch.com
Get up to 2 months free of Apple Music
instagramSharePathic_arrow_out