Lyrics

ခဏလောက်ဖြစ်ဖြစ် အလွမ်းနဲ့နောက်ကို လည်ပြန်ငေးမောကြည့်လိုက်တော့ တစ်ခြမ်းပဲ့နေတဲ့ ငါ့ရင် ဗလောင်ဆူပွက်သွားတယ် နှစ်လတွေနဲ့ရက်တွေ စီးဆင်းမျောသွားလည်း ပျံသန်းဆဲမင်းအရိပ်တွေရယ် ငါ့မိုးသားထဲ ခဏလေးဖြစ်ပါစေ ငါတကယ် ပြန်နမ်းရှိုက်ခွင့်ရချင်မိတယ် မင်းအငွေ့အသက်တွေ မင်းရဲ့ရနံ့တွေရယ် ခဏလောက်ငါ့ဆီ ပြန်ခဲ့ကွယ် လေညင်းလေးထဲ မင်းရဲ့ရနံ့တွေ ရှိုက်ခွင့်ရ ရှိုက်နမ်းခွင့်ရချင်တယ် ခဏလောက်ငါ့ဆီ ပြန်ခဲ့ကွယ် နွေဦးသီချင်းနဲ့ မင်းစကားလေးတွေ ကြားခွင့်ရ ထပ်ကြားခွင့်ရချင်သေးတယ် ငါလွမ်းမောဆဲ... ခဏလေးဖြစ်ဖြစ် မင်းနဲ့တကယ် ထပ်တွေ့ချင်သေးတယ် ဓါတ်ပြားလေးတစ်ချပ်လို အဖန်ဖန်ရစ်ခွင့်ရှိရင်တကယ် အထပ်ထပ်ဖွင့်ပြီး အတိတ်ကိုရင်ခုန်ချင်သေးတယ် နှစ်လတွေနဲ့ရက်တွေ စီးဆင်းမျောသွားလည်း ပျံသန်းဆဲမင်းအရိပ်တွေရယ် ငါ့မိုးသားထဲ ခဏလေးဖြစ်ပါစေ ငါတကယ် ပြန်နမ်းရှိုက်ခွင့်ရချင်မိတယ် မင်းအငွေ့အသက်တွေ မင်းရဲ့ရနံ့တွေရယ် ခဏလောက်ငါ့ဆီ ပြန်ခဲ့ကွယ် လေညင်းလေးထဲ မင်းရဲ့ရနံ့တွေ ရှိုက်ခွင့်ရ ရှိုက်နမ်းခွင့်ရချင်တယ် ခဏလောက်ငါ့ဆီ ပြန်ခဲ့ကွယ် နွေဦးသီချင်းနဲ့ မင်းစကားလေးတွေ ကြားခွင့်ရ ထပ်ကြားခွင့်ရချင်သေးတယ် ငါလွမ်းမောဆဲ... ခဏလေးဖြစ်ဖြစ် မင်းနဲ့တကယ် ထပ်တွေ့ချင်သေးတယ် ခဏလေးဖြစ်ဖြစ် မင်းနဲ့တကယ် ပြန်တွေ့ချင်သေးတယ် နွေဦးသီချင်းနဲ့ မင်းစကားတွေ ထပ်ကြားခွင့်ရချင်သေး မင်းအငွေအသက်များလည်း ခဏလောက်ငါ့ဆီ ပြန်ခဲ့ကွယ် လေညင်းလေးထဲ မင်းရဲ့ရနံ့တွေ ရှိုက်ခွင့်ရ ရှိုက်နမ်းခွင့်ရချင်တယ် ခဏလောက်ငါ့ဆီ ပြန်ခဲ့ကွယ် နွေဦးသီချင်းနဲ့ မင်းစကားလေးတွေ ကြားခွင့်ရ ထပ်ကြားခွင့်ရချင်သေးတယ် ငါလွမ်းမောဆဲ... ခဏလေးဖြစ်ဖြစ် မင်းနဲ့တကယ် ထပ်တွေ့ချင်သေးတယ်
Writer(s): Thura Tun Lyrics powered by www.musixmatch.com
Get up to 2 months free of Apple Music
instagramSharePathic_arrow_out