Lyrics

နောက်ဆုံးနှုတ်ဆက်လို့ လမ်းခွဲခဲ့ပြီအချစ်လေး ဘဝခရီးများလှဖို့ လမ်းခွဲခဲ့ပြီအချစ်လေး နာကြည်းထားသွားလဲ မုန်းမပစ်ရက်ပါအချစ်လေး မင်းပျော်လိုက်ပါကွယ် ငါ့ကိုမေ့လို့ထားခဲ့အချစ်လေး တကယ်တမ်းကြတော့ လမ်းခွဲတယ်ဆိုတာအရမ်းလွယ်ပါတယ် တယောက်နဲ့တယောက်ပြတ်ပြီလိုပြောလိုက်တာက လမ်းခွဲတာပဲ ဒါပေမဲ့ ရင်ထဲမှာရှိတဲ့ခံစားချက်တွေကတော့ ဘယ်လိုလုပ်အဲ့ဒီလောက်လွယ်မှာလဲ တနေ့နေ့တော့ပျောက်ကွယ်မှာပဲဆိုပြီးတော့ငါအခုထိစောင့်နေတာပဲ မင်းပြန်လာမလားဆိုပြီးတော့မျှော်လင့်ချက်တွေကလဲလျှောက်ဝင်လာတယ် တကယ်တော့ငါကမင်းမရှိတော့ဘူးဆိုတဲ့အသိကိုလက်ခံလိုက်ဖို့ကြောက်နေတာတကယ် တကိုယ်တည်းလျှောက်နေတာပဲ ဒါပေမဲ့လမ်းတွေကတော့အခုထိပျောက်နေကာလည် မင်းကိုငါစောင့်နေပါတယ်ဆိုတဲ့စကားလေးကိုမင်းသိအောင်ငါထပ်ပြောချင်ပါတယ် ပြောချင်ပါတယ် အရင်ကမင်းကြိုက်တဲ့မုန့်လေးတွေ မင်းပေးတဲ့အရုပ်လေးတွေကိုအခုထက်ထိငါသိမ်းထားတုန်းပဲ မင်းရေးတဲ့စာလေးတွေကိုဖတ်ပြီးတော့မင်းကိုငါဘယ်လိုစိမ်းကားမုန်းမလဲ ငါ့စိတ်တွေကအခုထပ်ထိမင်းရှိတဲ့နေရာတွေကိုပြေးလွှားတုန်းပဲ အော်ဘဝဆိုတာဒီလိုပါပဲ ကိုယ်ချစ်တဲ့သူတွေနဲ့တွေ့ဆုံကြုံကြိုက်ပြီးရင် ဝေးရဦးမယ် ဝေးရဦးမယ် နောက်ဆုံးနှုတ်ဆက်လို့ လမ်းခွဲခဲ့ပြီအချစ်လေး ဘဝခရီးများလှဖို့ လမ်းခွဲခဲ့ပြီအချစ်လေး နာကြည်းထားသွားလဲ မုန်းမပစ်ရက်ပါအချစ်လေး မင်းပျော်လိုက်ပါကွယ် ငါ့ကိုမေ့လို့ထားခဲ့အချစ်လေး ချစ်လေး မင်းဒီသီချင်းလေးနားထောင်ပြီးတော့မင်းမျက်ရည်မကျဘူးလို့ ကိုယ့်ကိုကတိပေးပါ အရင်ကမင်းရဲ့ဘေးမှာရှိနေပေးတဲ့ကိုယ့်ရဲ့အတွေးဟာ အခုထပ်ထိမင်းရဲ့ဘေးမှာရှိနေဆဲပါ ဘာကြောင့်ပဲဝေးကွာဝေးကွာ တစိမ်းတွေလို့မဆက်ဆံကြေးကွာ
Writer(s): Hlwan Paing Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out