Lyrics
ဟိုးအဝေး တိမ်တိုက်တွေလား
တကြိမ်သာ ရွာသွန်းပေးလှည့်ပါ
ဆန္ဒချင်း မျှော်လင့်ရင်း မျှော်လင့်ခြင်းတခုထဲသာ
အဖြူရောင် မိုးစက်များ
ဘဝက တခါမကမှား
ဒဏ်ရာများ တွေ့တဲ့အခါ
ဟန်မဆောင်ပဲ ငိုချင်တဲ့ လူတွေရှိနေခဲ့တယ်
မာယာလမ်းတွေကြား
တိမ်တိုက်ညိုထဲမှာ
အို တံခါးဖွင့်ပေးပါ
မိုးများစိုနေတုန်း
ဘယ်သူသိနိုင်မလဲ
ဒီခြေလမ်းများ လျှောက်ရင်းနဲ့
ငိုနေမယ် ဒီမိုးစက်တွေထဲ
မိုးများစိုနေခဲ့တော့
ပူလောင်ကြွမ်းနေတဲ့ ကမ္ဘာဟာ
တဖြေးဖြေး အေးချမ်းသွား
ရစ်ပတ်ထားခဲ့ မိုးစက်များနဲ့
တကြိမ် ရွာသွန်းလိုက်ပါ
မိုးခြိမ်းသံများ
လူငယ်ဘဝ အိပ်မက်မှာ
လွမ်းခဲ့တယ် လွမ်းဖူးမယ်
သက်တံ့ မတွေ့ရသေးခင်
အသည်းကွဲ ကောင်းကင်ကြီးပါ
ဝေဒနာ သိပ်များလွန်းတယ်
မှားသောမြှားချက် တည့်တည့်ထိကာ
ရှုံးနိမ့်နေဆဲ လွမ်းနေရင်း
မာယာလမ်းတွေကြား
တိမ်တိုက်ညိုထဲမှာ
အို တံခါးဖွင့်ပေးပါ
မိုးများစိုနေတုန်း
ဘယ်သူသိနိုင်မလဲ
ဒီခြေလမ်းများ လျှောက်ရင်းနဲ့
ငိုနေမယ် ဒီမိုးစက်တွေထဲ
မိုးများစိုနေခဲ့တော့
ပူလောင်ကြွမ်းနေတဲ့ ကမ္ဘာဟာ
တဖြေးဖြေး အေးချမ်းသွား
ရစ်ပတ်ထားခဲ့ မိုးစက်များနဲ့
တကြိမ်သာ
စိမ်းလန်းတဲ့ သစ်ရွက်တွေအတွက်
(ရွာမြဲ)
အသည်းကွဲရင်း လမ်းလျှောက်သူအတွက်
(ရွာမြဲ)
ရွာပါ မိုးသည်းထဲ
မိုးများစိုနေတော့
ဘယ်သူသိနိုင်မလဲ
ဒီခြေလမ်းများ လျှောက်ရင်းနဲ့
ငိုနေမယ် ဒီမိုးစက်တွေထဲ
မိုးများစိုနေခဲ့တော့
ပူလောင်ကြွမ်းနေတဲ့ ကမ္ဘာဟာ
တဖြေးဖြေး အေးချမ်းသွား
ရစ်ပတ်ထားခဲ့ မိုးစက်များနဲ့
တကြိမ် ရွာသွန်းလိုက်ပါ
Lyrics powered by www.musixmatch.com