Lyrics

ဟိုးအဝေး တိမ်တိုက်တွေလား တကြိမ်သာ ရွာသွန်းပေးလှည့်ပါ ဆန္ဒချင်း မျှော်လင့်ရင်း မျှော်လင့်ခြင်းတခုထဲသာ အဖြူရောင် မိုးစက်များ ဘဝက တခါမကမှား ဒဏ်ရာများ တွေ့တဲ့အခါ ဟန်မဆောင်ပဲ ငိုချင်တဲ့ လူတွေရှိနေခဲ့တယ် မာယာလမ်းတွေကြား တိမ်တိုက်ညိုထဲမှာ အို တံခါးဖွင့်ပေးပါ မိုးများစိုနေတုန်း ဘယ်သူသိနိုင်မလဲ ဒီခြေလမ်းများ လျှောက်ရင်းနဲ့ ငိုနေမယ် ဒီမိုးစက်တွေထဲ မိုးများစိုနေခဲ့တော့ ပူလောင်ကြွမ်းနေတဲ့ ကမ္ဘာဟာ တဖြေးဖြေး အေးချမ်းသွား ရစ်ပတ်ထားခဲ့ မိုးစက်များနဲ့ တကြိမ် ရွာသွန်းလိုက်ပါ မိုးခြိမ်းသံများ လူငယ်ဘဝ အိပ်မက်မှာ လွမ်းခဲ့တယ် လွမ်းဖူးမယ် သက်တံ့ မတွေ့ရသေးခင် အသည်းကွဲ ကောင်းကင်ကြီးပါ ဝေဒနာ သိပ်များလွန်းတယ် မှားသောမြှားချက် တည့်တည့်ထိကာ ရှုံးနိမ့်နေဆဲ လွမ်းနေရင်း မာယာလမ်းတွေကြား တိမ်တိုက်ညိုထဲမှာ အို တံခါးဖွင့်ပေးပါ မိုးများစိုနေတုန်း ဘယ်သူသိနိုင်မလဲ ဒီခြေလမ်းများ လျှောက်ရင်းနဲ့ ငိုနေမယ် ဒီမိုးစက်တွေထဲ မိုးများစိုနေခဲ့တော့ ပူလောင်ကြွမ်းနေတဲ့ ကမ္ဘာဟာ တဖြေးဖြေး အေးချမ်းသွား ရစ်ပတ်ထားခဲ့ မိုးစက်များနဲ့ တကြိမ်သာ စိမ်းလန်းတဲ့ သစ်ရွက်တွေအတွက် (ရွာမြဲ) အသည်းကွဲရင်း လမ်းလျှောက်သူအတွက် (ရွာမြဲ) ရွာပါ မိုးသည်းထဲ မိုးများစိုနေတော့ ဘယ်သူသိနိုင်မလဲ ဒီခြေလမ်းများ လျှောက်ရင်းနဲ့ ငိုနေမယ် ဒီမိုးစက်တွေထဲ မိုးများစိုနေခဲ့တော့ ပူလောင်ကြွမ်းနေတဲ့ ကမ္ဘာဟာ တဖြေးဖြေး အေးချမ်းသွား ရစ်ပတ်ထားခဲ့ မိုးစက်များနဲ့ တကြိမ် ရွာသွန်းလိုက်ပါ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out