Lyrics

ဖတ်လက်စဝတ္ထု ဆက်ပြီးဖတ်လို့မရတာနဲ့ လမ်းအပြင်ထွက် လျှောက်မိတယ် ဒီဇင်ဘာညတစ်ည နှင်းကျတဲ့ည အပြင်မှာအေးစက်သလောက် ရင်ထဲမှာ ပူလောင်နေဆဲ တစ်ရေးလောက် ကြိုးစားအိပ်လည်း အိပ်လို့မရတာနဲ့ လမ်းအပြင်ထွက် လျှောက်မိတယ် ဒီဇင်ဘာညတစ်ည သာနေတဲ့လလို အပြင်မှာအေးချမ်းသလောက် ရင်ထဲမှာ ပူလောင်နေဆဲ ချစ်ဆုံးအေးရိပ် ခိုနားချင်သေးတယ် ချစ်ဆုံးအနွေးငွေ့ ပိုက်ထွေးပါဦးကွယ် ချစ်လက်စချစ်ဖို့ အမုန်းတွေ စွန်းထင်းရောတာနဲ့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြမယ် ဒီဇင်ဘာညတစ်ည သာနေတဲ့လလို အမြင်မှာအေးချမ်းသလောက် တို့နှစ်ယောက်ဟာ ဟန်ဆောင်နေဆဲ ချစ်လက်စချစ်ဖို့ အမုန်းတွေ စွန်းထင်းရောတာနဲ့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြမယ် ဒီဇင်ဘာညတစ်ည သာနေတဲ့လလို အပြင်မှာအေးချမ်းသလောက် တို့နှစ်ယောက်ဟာ ဟန်ဆောင်နေဆဲ ချစ်ဆုံးအေးရိပ် ခိုနားချင်သေးတယ် ချစ်ဆုံးအနွေးငွေ့ ပိုက်ထွေးပါဦးကွယ် ချစ်ဆုံးအေးရိပ် ခိုနားချင်သေးတယ် ချစ်ဆုံးအနွေးငွေ့ လိုလားနေသေးတယ် ချစ်ဆုံးအေးရိပ် ခိုနားချင်သေးတယ် ချစ်ဆုံးအနွေးငွေ့ ပိုက်ထွေးပါဦးကွယ်
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out