Lyrics

နံနက်ခင်း ဆီးနှင်းတို့ အဝေးမလွင့်မီ နေရောင်ခြည် အရှေ့အရပ်က ကြိုဆိုက်ပြီ မကြည်လင်တာတွေ အမှောင်ရိပ်ထဲ သိပ်ခဲ့ကွယ် မကြာခင်ဆိုရင် မိုးအလင်း နိုးထတော့မယ် ဝေဟင်ပေါ် ပျံသန်းတဲ့ ငှက်ကလေးတွေ ဘယ်ဆီမှာ ဆင်းသက်တထောက် ခိုနားမယ် နဒီမင်္ဂလာ ခြေသွားလမ်း ကမ်းတစ်ဖက်မှာ လေပြေအလာ ပန်းရနံ့တို့ သင်းပျံ့နေ ဟိုတစ်ဖက်ကမ်းက တရားဒေသနာ အရုဏ်ဦးရဲ့ ငြိမ်းချမ်းမှုလေလား ပူလောင်ကျွမ်းတဲ့နှလုံးသား ကိုယ့်အသည်းကို ဟန်ဆောင် နှစ်သိမ့်ထားမယ်လေ ရည်ရွယ်ရာ ခရီးလမ်းဆုံး မရောက်သေးမီ ကြင်နာသူ တွဲလက်ဖြတ် အဖော်မဲ့ပြီ ယုံကြည်တာတွေ ပျောက်ဆုံးလို့ ဝေးမသွားခင် ဒီရင်ခွင်မှာ မင်းအမြဲတိုး စိုးမိုးပြီ ဟိုတစ်ဖက်ကမ်းက တရားဒေသနာ အရုဏ်ဦးရဲ့ ငြိမ်းချမ်းမှုလေလား ပူလောင်ကျွမ်းတဲ့နှလုံးသား ကိုယ့်အသည်းကို ဟန်ဆောင် နှစ်သိမ့်ထားမယ်လေ ဟန်ဆောင် နှစ်သိမ့်ထားမယ်လေ ဟန်ဆောင် နှစ်သိမ့်ထားမယ်လေ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out