Top Songs By Bo Phyu
Credits
PERFORMING ARTISTS
Bo Phyu
Performer
COMPOSITION & LYRICS
Ko Ye Lwin
Composer
Lyrics
နံနက်ခင်း ဆီးနှင်းတို့ အဝေးမလွင့်မီ
နေရောင်ခြည် အရှေ့အရပ်က ကြိုဆိုက်ပြီ
မကြည်လင်တာတွေ အမှောင်ရိပ်ထဲ သိပ်ခဲ့ကွယ်
မကြာခင်ဆိုရင် မိုးအလင်း နိုးထတော့မယ်
ဝေဟင်ပေါ် ပျံသန်းတဲ့ ငှက်ကလေးတွေ
ဘယ်ဆီမှာ ဆင်းသက်တထောက် ခိုနားမယ်
နဒီမင်္ဂလာ ခြေသွားလမ်း ကမ်းတစ်ဖက်မှာ
လေပြေအလာ ပန်းရနံ့တို့ သင်းပျံ့နေ
ဟိုတစ်ဖက်ကမ်းက တရားဒေသနာ
အရုဏ်ဦးရဲ့ ငြိမ်းချမ်းမှုလေလား
ပူလောင်ကျွမ်းတဲ့နှလုံးသား ကိုယ့်အသည်းကို
ဟန်ဆောင် နှစ်သိမ့်ထားမယ်လေ
ရည်ရွယ်ရာ ခရီးလမ်းဆုံး မရောက်သေးမီ
ကြင်နာသူ တွဲလက်ဖြတ် အဖော်မဲ့ပြီ
ယုံကြည်တာတွေ ပျောက်ဆုံးလို့ ဝေးမသွားခင်
ဒီရင်ခွင်မှာ မင်းအမြဲတိုး စိုးမိုးပြီ
ဟိုတစ်ဖက်ကမ်းက တရားဒေသနာ
အရုဏ်ဦးရဲ့ ငြိမ်းချမ်းမှုလေလား
ပူလောင်ကျွမ်းတဲ့နှလုံးသား ကိုယ့်အသည်းကို
ဟန်ဆောင် နှစ်သိမ့်ထားမယ်လေ
ဟန်ဆောင် နှစ်သိမ့်ထားမယ်လေ
ဟန်ဆောင် နှစ်သိမ့်ထားမယ်လေ
Lyrics powered by www.musixmatch.com