Top Songs By Bo Phyu
Credits
PERFORMING ARTISTS
Bo Phyu
Performer
COMPOSITION & LYRICS
Jason Than Phay
Composer
Lyrics
ဖတ်လက်စဝတ္ထု ဆက်ပြီးဖတ်လို့မရတာနဲ့
လမ်းအပြင်ထွက် လျှောက်မိတယ်
ဒီဇင်ဘာညတစ်ည နှင်းကျတဲ့ည
အပြင်မှာအေးစက်သလောက်
ရင်ထဲမှာ ပူလောင်နေဆဲ
တစ်ရေးလောက် ကြိုးစားအိပ်လည်း အိပ်လို့မရတာနဲ့
လမ်းအပြင်ထွက် လျှောက်မိတယ်
ဒီဇင်ဘာညတစ်ည သာနေတဲ့လလို
အပြင်မှာအေးချမ်းသလောက်
ရင်ထဲမှာ ပူလောင်နေဆဲ
ချစ်ဆုံးအေးရိပ် ခိုနားချင်သေးတယ်
ချစ်ဆုံးအနွေးငွေ့ ပိုက်ထွေးပါဦးကွယ်
ချစ်လက်စချစ်ဖို့ အမုန်းတွေ စွန်းထင်းရောတာနဲ့
ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြမယ်
ဒီဇင်ဘာညတစ်ည သာနေတဲ့လလို
အမြင်မှာအေးချမ်းသလောက်
တို့နှစ်ယောက်ဟာ ဟန်ဆောင်နေဆဲ
ချစ်လက်စချစ်ဖို့ အမုန်းတွေ စွန်းထင်းရောတာနဲ့
ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြမယ်
ဒီဇင်ဘာညတစ်ည သာနေတဲ့လလို
အပြင်မှာအေးချမ်းသလောက်
တို့နှစ်ယောက်ဟာ ဟန်ဆောင်နေဆဲ
ချစ်ဆုံးအေးရိပ် ခိုနားချင်သေးတယ်
ချစ်ဆုံးအနွေးငွေ့ ပိုက်ထွေးပါဦးကွယ်
ချစ်ဆုံးအေးရိပ် ခိုနားချင်သေးတယ်
ချစ်ဆုံးအနွေးငွေ့ လိုလားနေသေးတယ်
ချစ်ဆုံးအေးရိပ် ခိုနားချင်သေးတယ်
ချစ်ဆုံးအနွေးငွေ့ ပိုက်ထွေးပါဦးကွယ်
Lyrics powered by www.musixmatch.com